နိုင်ငံတကာ လက်ဖက်စာတမ်းဖတ်ပွဲ

ပထမဆုံးအကြိမ် နိုင်ငံတကာ လက်ဖက်စာတမ်းဖတ်ပွဲကို မြန်မာနိုင်ငံလက်ဖက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနှင့် မန္တလေးတက္ကသိုလ်တို့မှ ကြီးမှူး၍ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် မန္တလေးတက္ကသိုလ်၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။ လက်ဖက်သုသေသန စာတမ်းပေါင်း ၃၄ စောင် ဖတ်ကြားခဲ့ပြီး ဂျပန်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့မှ လက်ဖက်ကျွမ်းကျင်ပညာရှင်များ နှင့် စိတ်ပါဝင်စားသူများစွာ တက်ရောက်ခဲ့ကြသည်။ မြန်မာလက်ဖက်ကုမ္ပဏီ ၁၂ ခုမှ မြန်မာလက်ဖက်ကုန်ပစ္စည်းများ ခင်းကျင်းပြသခဲ့ကြသည်။ စာတမ်းဖတ်ပွဲသို့တက်ရောက်သူအားလုံးကို ဦးကာက ကုမ္ပဏီလီမိတက်မှ နေ့ခင်းစာဖြင့် တည်ခင်းကျွေးမွေး၍ တော်ဝင်ကမ္ဘောဇ တောင်တန်းကုမ္ပဏီမှ လက်ဖက်ရည် များဖြင့် ဧည့်ခံခဲ့သည်။ MTA အသင်းဝင်များမှ စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများအား မြန်မာလက်ဖက်ကုန်ပစ္စည်း လက်ဆောင်များကို ပေးအပ်ခဲ့ကြသည်။
နိုင်ငံတကာ လက်ဖက်စာတမ်းဖတ်ပွဲ အကြိုနေ့တွင် မြန်မာ့လက်ဖက် ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲကို ပြုလုပ်ကျင်းပခဲ့သည်။ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား နိုင်ငံတကာ လက်ဖက်စာတမ်းဖတ်ပွဲနေ့တွင် ဆုချီးမြှင့်ပေးအပ်ခဲ့သည်။