Global Tea Fair Autumn

{"autoplay":"true","autoplay_speed":"3000","speed":"300","arrows":"true","dots":"true","rtl":"false"}

Global tea fair သည် တရုတ်ပြည်ရှိ အကြီးဆုံးလက်ဖက်ကုန်စည်ပြပွဲတခုဖြစ်သည်။ Shenzhen HJC industrial group မှ ကြီးမှူးကျင်းပသော “Global tea fair autumn” ကို တရုတ်နိုင်ငံ Shenzhen ကုန်စည်ပြခန်း၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြသည်။ ရွှေတောင်ကိုးလုံး ကုမ္ပဏီလီမိတက်၊ ရွှေပန်လော ကုမ္ပဏီလီမိတက်၊ ပါဝါမောရှမ်း ကုမ္ပဏီလီမိတက်၊ Mother love ကုမ္ပဏီလီမိတက်၊ ပလောင်ထိပ်ထား ကုမ္ပဏီလီမိတက် နှင့် N.I.C.E. ကုမ္ပဏီလီမိတက် များမှ မြန်မာလက်ဖက်ကုန်စည်များကို ခင်းကျင်းပြသခဲ့ကြသည်။ ဤလက်ဖက်ကုန်စည်ပြပွဲသို့ တက်ရောက်နိုင်ရန်အတွက် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းနှင့် Helvetas Myanmar အဖွဲ့အစည်း မှ အဓိက ကူညီပေးခဲ့သည်။ ရွှေတောင်ကိုးလုံး ကုမ္ပဏီလီမိတက်သည် မြန်မာနိုင်ငံ ပင်ကြီးလက်ဖက်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်ဆု ရရှိခဲ့ပြီး မြန်မာလက်ဖက်သည် နိုင်ငံဂုဏ်ဖော်ဆောင်နိုင်ခဲ့သည်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း ၂၀၂၀ခုနှစ် ဒီဇင်ဘာ၁၀ နေ့မှ၁၄ရက်ထိ ကျင်းပသည့် “Global tea fair autumn”တွင် တော်ဝင်ကမ္ဘောဇတောင်တန်းကုမ္ပဏီ၊ ရသာဝသီကမ္ပဏီ၊ ‌ရွှေတောင်ကိုးလုံး ကုမ္ပဏီများမှ မြန်မာလက်ဖက်များဖြင့် ခင်းကျင်းပြသခဲ့ကြသည်။ ပြခန်းပေါင်း ၄၇၀၀၊ လက်ဖက်ကုမ္ပဏီပေါင်း ၁၈၀၀ ကျော် အနက်မှ ‌ရွှေတောင်ကိုးလုံး ကုမ္ပဏီသည် GOLD LEAF and JADE LEAF မြန်မာလက်ဖက်နှစ်မျိုးဖြင့် ရွှေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့ပြီး မြန်မာ့လက်ဖက်သမိုင်းအတွက် စံချိန်တင်ခဲ့သည်။