ကျွန်ုပ်တို့ အကြောင်း

Myanmar Tea Producers and Exporters’ Association

မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းသည် လက်ဖက်စိုက်ပျိုးသူများ၊ ထုတ်လုပ်သူများ၊ ကုန်သည်ပွဲစားများ၊ ပြည်ပတင်ပို့ရောင်းချသူများ အပါအဝင် အသင်းဝင်ပေါင်း ၂၀၀၀၀ ဖြင့် ဖွဲ့စည်းကာ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် အညီ မြန်မာလက်ဖက်အရည်အသွေးကို မြှင့်တင်ရန်၊ ဒေသခံလက်ဖက်စိုက်တောင်သူများ၏ လူနေမှု အဆင့်အတန်း မြှင့်တင်ရန် နှင့် လက်ဖက်နှင့် ဆက်စပ်လျှက်ရှိသော လုပ်ငန်းများတိုးတက်ရန် လုပ်ဆောင်လျှက်ရှိသည်။

Introduction

မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ကို ၂၀၁၃ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံလက်ဖက်အသင်းအ စု ဖွဲ့ အဖြစ် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် မြန်မာတနိုင်ငံလုံးဆိုင်ရာ လက်ဖက်လုပ်ငန်းကိုယ်စားပြု တရားဝင်အဖွဲ့အစည်းတခု ဖြစ်လာခဲ့သည်။

မျှော်မှန်းချက်ပန်းတိုင်

မြန်မာ့လက်ဖက်ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနည်းပညာများ၊ အစားအသောက် ဘေးကင်းလုံခြုံမှု၊ သန့်ရှင်းသပ်ရပ်မှု အလေ့အကျင့်များ နှင့် နိုင်ငံတကာဈေးကွက်ချိတ်ဆက်မှုများ ထောက်ပံ့ပေးရန်။

တာဝန်

လက်ဖက်စိုက်တောင်သူများ၊ ထုတ်လုပ်ရောင်းချသူများ၊ အရောင်းအဝယ်လုပ်ကိုင်သူများနှင့် ပူးပေါင်း၍ အရည်အသွေးကောင်းမွန်သော မြန်မာ့လက်ဖက်ထုတ်လုပ်ရေး ကို တိုးမြှင့်ရန်၊ မြန်မာလက်ဖက်သုတေသနများဆောင်ရွက်ကာ မြန်မာ့လက်ဖက်၏ ကွဲပြားထူးခြားချက်များကို ဖော်ထုတ်ရန် ဆောင်ရွက်လျှက်ရှိသည်။ မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းသည် မြန်မာလက်ဖက်အသင်းအစု ဖွဲ့ အားလုံး၏ မိခင်အသင်းတခုအဖြစ် ရပ်တည်လျှက်ရှိပြီး၊ လက်ဖက်အရောင်းအဝယ် လုပ်ကိုင်သူများအတွက် ပြည်တွင်းပြည်ပဈေးကွက် ချဲ့ထွင်ရာတွင် အချိန်အဆက်ပြုလုပ်ပေးသည့် နေရာတခုအဖြစ် ဆောင်ရွက်လျှက်ရှိသည်။

Organization Chart