BIOFACH

{"autoplay":"true","autoplay_speed":"3000","speed":"300","arrows":"true","dots":"true","rtl":"false"}

မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဝင်များသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ မှ ၁၇ ရက်ထိ ဂျာမဏီနိုင်ငံတွင် ပြုလုပ်ကျင်းပသည့် BIOFACH ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ကြသည်။ မြန်မာလက်ဖက်ကုမ္ပဏီ များဖြစ်သည့် ပါဝါမောရှမ်း ကုမ္ပဏီလီမိတက်၊ N.I.C.E. ကုမ္ပဏီလီမိတက် ရသာဝသီကုမ္ပဏီလီမိတက်၊ ရွှေတောင်ကိုးလုံး ကုမ္ပဏီလီမိတက်၊ Immoral Monarch ကုမ္ပဏီလီမိတက်၊ ရွှေပန်လော ကုမ္ပဏီလီမိတက် များမှ မြန်မာလက်ဖက်အစို၊ လက်ဖက်အခြောက်၊ ပင်ကြီးလက်ဖက်ခြောက်များကို ခင်းကျင်းပြသခဲ့ကြသည်။ ဤကုမ္ပဏီများ ပြည်တွင်း organic certificateများရရှိထားသော ကုမ္ပဏီများဖြစ်ပြီး BIOFACH ကုန်စည်ပြပွဲသို့ တက်ရောက်နိုင်ရန် GIZ မှ အဓိက ကူညီပံ့ပိုးပေးခဲ့သည်။ ဤကုန်စည်ပြပွဲသည် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းအနေဖြင့် မြန်မာလက်ဖက်ကုမ္ပဏီ များကို ဦးဆောင်၍ ပထမဆုံးအကြိမ် မြန်မာလက်ဖက်ကုန်စည်ပစ္စည်းများကို သွားရောက်ပြသခဲ့သည့် အော်ဂင်းနစ်ကုန်စည်ပြပွဲ ဖြစ်သည်။
Helvetas Myanmar Organization ၏ အကူအညီဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၄ရက်နေ့ထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ပြုလုပ်ကျင်းပသော BioFach and Natural South East Asia ကုန်စည်ပြပွဲသို့ မြန်မာလက်ဖက် ကုန်စည်ပစ္စည်းများကို ခင်းကျင်းပြသရန် အတွက် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းသည် မြန်မာ လက်ဖက်ကုမ္ပဏီများကို ဦးဆောင်ပေးခဲ့သည်။ ရွှင်ချမ်းလုံး ကုမ္ပဏီလီမိတက်၊
ပလောင်ထိပ်ထား ကုမ္ပဏီလီမိတက်၊ တော်ဝင်ကမ္ဘောဇ ကုမ္ပဏီလီမိတက်၊ ပါဝါမောရှမ်း ကုမ္ပဏီလီမိတက်၊ N.I.C.E. ကုမ္ပဏီလီမိတက်၊ ရသာဝသီကုမ္ပဏီလီမိတက်၊ ရွှေတောင်ကိုးလုံး ကုမ္ပဏီလီမိတက်၊ Immortal Monarch ကုမ္ပဏီလီမိတက်၊ ဦးကာက ကုမ္ပဏီလီမိတက်များမှ ခင်းကျင်းပြသသူများအဖြစ် ပါဝင်ဆင်နွှဲကာ တခြားလက်ဖက်ကုမ္ပဏီများ၊ လက်ဖက်လုပ်ငန်းရှင်များမှ သွားရောက်လေ့လာသူများအဖြစ် ပါဝင်ခဲ့ကြသည်။