အာဆီယံစားနပ်ရိက္ခာပွဲတော်

{"autoplay":"true","autoplay_speed":"3000","speed":"300","arrows":"true","dots":"true","rtl":"false"}

မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းသည် မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနှင့် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင် များ အသင်းမှ ကြီးမှူးကျင်းပသော အာဆီယံ စားသောက်ကုန်ပွဲတော်သို့ ပါဝင်ဆင်နွဲခဲ့သည်။ အာဆီယံ စားသောက်ကုန်ပွဲတော် ကို မန္တလေးမြို့ MCCခန်းမ ၌ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် ကျင်းပပြီး မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း သည် အသင်းဝင်များ မြန်မာလက်ဖက် အမျိုးမျိုးကို ခင်းကျင်းပြသနိုင်ရန်အတွက် ဦးဆောင်ခဲ့သည်။