ဒေသခံပြပွဲ

ဒေသခံပြပွဲ

အာဆီယံစားနပ်ရိက္ခာပွဲတော်


မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းသည် မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနှင့် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင် များ အသင်းမှ ကြီးမှူးကျင်းပသော အာဆီယံ စားသောက်ကုန်ပွဲတော်သို့ ပါဝင်ဆင်နွဲခဲ့သည်။ အာဆီယံ စားသောက်ကုန်ပွဲတော် ကို မန္တလေးမြို့ MCCခန်းမ ၌ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် ကျင်းပပြီး မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း သည် အသင်းဝင်များ မြန်မာလက်ဖက် အမျိုးမျိုးကို ခင်းကျင်းပြသနိုင်ရန်အတွက် ဦးဆောင်ခဲ့သည်။

ပဉ္စမအကြိမ်မြောက် အစားအစာပြပွဲ


မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းသည် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ ကြီးမှူးကျင်းပသော မြန်မာစားသောက်ကုန်စည်ပြပွဲသို့ ပူးပေါင်းပါဝင်ခဲ့သည်။ ထိုပြပွဲတွင် လက်ဖက်ကုမ္ပဏီများမှ သီးသန့်အခန်းယူ၍ မြန်မာလက်ဖက်အစို လက်ဖက်အခြောက် နှစ်မျိုးစလုံးကို ခင်းကျင်းပြသခဲ့သည်။

ပထမနှင့်ဒုတိယလက်ဖက်ရည်ပွဲတော်နှင့်ဒေသဆိုင်ရာထုတ်ကုန်ကုန်စည်ပြပွဲများ


ပထမအကြိမ်နှင့် ဒုတိယအကြိမ်မြောက် လက်ဖက်ပွဲတော်နှင့် ဒေသထွက် ရိုးရာကုန်စည်ပြပွဲကို မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းနှင့် ပင်းတယ လက်ဖက်ယဉ်ကျေးမှုစက်ဝန်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့မှ ဦးစီးပြီး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလနှင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့၌ ကျင်းပခဲ့သည်။ မြန်မာလက်ဖက်များနှင့် ‌ဒေသထွက်ကုန်များပြသ၍ လက်ဖက်စိုက်ပျိုးသူ၊ ထုတ်လုပ်သူ၊ ပြည်ပသို့တင်ပို့ရောင်းချသူ များနှင့် နိုင်ငံတကာမှ ဝယ်ယူသူများသည် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

မြန်မာသရက်သီးနှင့်လက်ဖက်ရည်ပွဲတော်


မြန်မာ လက်ဖက်သရက်ပွဲတော်ကို မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် အသင်းကြီးမှ ကြီးမှူး၍ ၂၀၁၇ ခုနှစ် မေလတွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။ လက်ဖက်လုပ်ငန်း ၁၂ ခုမှ လက်ဖက်ခြောက်၊ လက်ဖက်အစို၊ အချိုခြောက်များ ခင်းကျင်းပြသ၍ အားတက်သရော ပါဝင်လှုပ်ရှားခဲ့သည်။ လက်ဖက်အစိုဖြင့် စီမံပြုလုပ်ထားသော လက်ဖက်အစားအသောက်များကိုလည်း ဆန်းသစ်တည်ထွင်ကာ ရောင်းချပေးခဲ့သည်။

လမ်းလျှောက်သင်္ကြန်ပွဲတော်၊ မန္တလေး ၂၀၁၇


မြန်မာနိုင်ငံ လက်ဖက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း အဖွဲ့ဝင်များသည် လက်ဖက်အသင်းအစု အချိန်မှစတင်၍ လှုပ်ရှားမှုအများအပြားတွင် ပါဝင်လှုပ်ရှားခဲ့ကြသည်။ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင် များ အသင်းနှင့် ပူးပေါင်း၍ မန္တလေး လမ်းလျှောက် သင်္ကြန်တွင် ပါဝင်ဆင်နွှဲခဲ့သည်။ မြန်မာလက်ဖက်အမျိုးမျိုးဖြင့် စီမံပြုလုပ်ထားသော စားသောက်ဖွယ်ရာများနှင့် အခြား မြန်မာစားသောက်ဖွယ်ရာများကို စတုဒိသာ အဖြစ် ကျွေးမွေးခဲ့သည်။ ဤကဲ့သို့သော လှုပ်ရှားမှုများသည် အသင်းဝင်များ အကြား ဆက်သွယ်မှုအားကောင်းစေသည်။ အသင်းသားများ အချင်းချင်းပိုမို ရင်းနှီးပြီးစည်းလုံးလာစေသည့်အပြင် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေပြီး တီထွင်မှုများလဲ ဖြစ်ပေါ်စေခဲ့သည်။