နိုင်ငံတကာပြပွဲ

နိုင်ငံတကာပြပွဲ

BIOFACH

BIOFACH သည် အော်ဂင်းနစ်စားသောက်ကုန်ပစ္စည်းများအတွက် ကမ္ဘာ့ရှေ့ဆောင် ကုန်စည်ပြပွဲတခု ဖြစ်သည်။

မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဝင်များသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ မှ ၁၇ ရက်ထိ ဂျာမဏီနိုင်ငံတွင် ပြုလုပ်ကျင်းပသည့် BIOFACH ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ကြသည်။ မြန်မာလက်ဖက်ကုမ္ပဏီ များဖြစ်သည့် ပါဝါမောရှမ်း ကုမ္ပဏီလီမိတက်၊ N.I.C.E. ကုမ္ပဏီလီမိတက် ရသာဝသီကုမ္ပဏီလီမိတက်၊ ရွှေတောင်ကိုးလုံး ကုမ္ပဏီလီမိတက်၊ Immoral Monarch ကုမ္ပဏီလီမိတက်၊ ရွှေပန်လော ကုမ္ပဏီလီမိတက် များမှ မြန်မာလက်ဖက်အစို၊ လက်ဖက်အခြောက်၊ ပင်ကြီးလက်ဖက်ခြောက်များကို ခင်းကျင်းပြသခဲ့ကြသည်။ ဤကုမ္ပဏီများ ပြည်တွင်း organic certificateများရရှိထားသော ကုမ္ပဏီများဖြစ်ပြီး BIOFACH ကုန်စည်ပြပွဲသို့ တက်ရောက်နိုင်ရန် GIZ မှ အဓိက ကူညီပံ့ပိုးပေးခဲ့သည်။ ဤကုန်စည်ပြပွဲသည် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းအနေဖြင့် မြန်မာလက်ဖက်ကုမ္ပဏီ များကို ဦးဆောင်၍ ပထမဆုံးအကြိမ် မြန်မာလက်ဖက်ကုန်စည်ပစ္စည်းများကို သွားရောက်ပြသခဲ့သည့် အော်ဂင်းနစ်ကုန်စည်ပြပွဲ ဖြစ်သည်။
Helvetas Myanmar Organization ၏ အကူအညီဖြင့် ၂၀၁၉ ခုနှစ် ဂျူလိုင်လ ၁၁ ရက်နေ့မှ ၁၄ရက်နေ့ထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ပြုလုပ်ကျင်းပသော BioFach and Natural South East Asia ကုန်စည်ပြပွဲသို့ မြန်မာလက်ဖက် ကုန်စည်ပစ္စည်းများကို ခင်းကျင်းပြသရန် အတွက် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းသည် မြန်မာ လက်ဖက်ကုမ္ပဏီများကို ဦးဆောင်ပေးခဲ့သည်။ ရွှင်ချမ်းလုံး ကုမ္ပဏီလီမိတက်၊
ပလောင်ထိပ်ထား ကုမ္ပဏီလီမိတက်၊ တော်ဝင်ကမ္ဘောဇ ကုမ္ပဏီလီမိတက်၊ ပါဝါမောရှမ်း ကုမ္ပဏီလီမိတက်၊ N.I.C.E. ကုမ္ပဏီလီမိတက်၊ ရသာဝသီကုမ္ပဏီလီမိတက်၊ ရွှေတောင်ကိုးလုံး ကုမ္ပဏီလီမိတက်၊ Immortal Monarch ကုမ္ပဏီလီမိတက်၊ ဦးကာက ကုမ္ပဏီလီမိတက်များမှ ခင်းကျင်းပြသသူများအဖြစ် ပါဝင်ဆင်နွှဲကာ တခြားလက်ဖက်ကုမ္ပဏီများ၊ လက်ဖက်လုပ်ငန်းရှင်များမှ သွားရောက်လေ့လာသူများအဖြစ် ပါဝင်ခဲ့ကြသည်။

သဘာဝထုတ်ကုန်များ Expo West 2018, USA

USA မြန်မာလက်ဖက်ကုမ္ပဏီ များအား အမေရိကန်နိုင်ငံတွင် ကျင်းပသော natural products expo west, 2018 သို့ မြန်မာလက်ဖက်ကုမ္ပဏီများ တက်ရောက်နိုင်ရန် အတွက် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းသည် Helvetas Myanmar အဖွဲ့အစည်းဖြင့် ပူးပေါင်းကူညီခဲ့သည်။

နိုင်ငံတကာ လက်ဖက်စာတမ်းဖတ်ပွဲ


ပထမဆုံးအကြိမ် နိုင်ငံတကာ လက်ဖက်စာတမ်းဖတ်ပွဲကို မြန်မာနိုင်ငံလက်ဖက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနှင့် မန္တလေးတက္ကသိုလ်တို့မှ ကြီးမှူး၍ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် မန္တလေးတက္ကသိုလ်၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။ လက်ဖက်သုသေသန စာတမ်းပေါင်း ၃၄ စောင် ဖတ်ကြားခဲ့ပြီး ဂျပန်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့မှ လက်ဖက်ကျွမ်းကျင်ပညာရှင်များ နှင့် စိတ်ပါဝင်စားသူများစွာ တက်ရောက်ခဲ့ကြသည်။ မြန်မာလက်ဖက်ကုမ္ပဏီ ၁၂ ခုမှ မြန်မာလက်ဖက်ကုန်ပစ္စည်းများ ခင်းကျင်းပြသခဲ့ကြသည်။ စာတမ်းဖတ်ပွဲသို့တက်ရောက်သူအားလုံးကို ဦးကာက ကုမ္ပဏီလီမိတက်မှ နေ့ခင်းစာဖြင့် တည်ခင်းကျွေးမွေး၍ တော်ဝင်ကမ္ဘောဇ တောင်တန်းကုမ္ပဏီမှ လက်ဖက်ရည် များဖြင့် ဧည့်ခံခဲ့သည်။ MTA အသင်းဝင်များမှ စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများအား မြန်မာလက်ဖက်ကုန်ပစ္စည်း လက်ဆောင်များကို ပေးအပ်ခဲ့ကြသည်။
နိုင်ငံတကာ လက်ဖက်စာတမ်းဖတ်ပွဲ အကြိုနေ့တွင် မြန်မာ့လက်ဖက် ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲကို ပြုလုပ်ကျင်းပခဲ့သည်။ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား နိုင်ငံတကာ လက်ဖက်စာတမ်းဖတ်ပွဲနေ့တွင် ဆုချီးမြှင့်ပေးအပ်ခဲ့သည်။

တရုတ် - အာဆီယံကုန်စည်ပြပွဲ (နန်နင်း၊ တရုတ်)


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အကူအညီဖြင့် မြန်မာလက်ဖက်ကုမ္ပဏီများ လက်ဖက်လုပ်ငန်းများ သည် တရုတ်_အာဆီယမ် ကုန်စည်ပြပွဲသို့ လေးနှစ်ဆက်တိုက် တက်ရောက်ခဲ့ကြသည်။ ၂၀၁၆ ခုနှစ်တွင် မြန်မာလက်ဖက်ကုမ္ပဏီ လေးခုသာ တရုတ်_အာဆီယမ် ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် တက်ရောက်သော မြန်မာလက်ဖက်ကုမ္ပဏီများ လုပ်ငန်းများ ၁၂ ခုထိ ရှိလာခဲ့သည်။

လက်ဖက်ကမ္ဘာပွဲတော်၊ ကိုရီးယား

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ကြီးမှူး၍ မြန်မာလက်ဖက်ကုမ္ပဏီများ ကိုရီးယားနိုင်ငံတွင် ကျင်းပြုလုပ်သော ကမ္ဘာလုံးဆိုင်ရာ လက်ဖက်ပွဲတော်သို့ တက်ရောက်နိုင်ရန်အတွက် အကူအညီအထောက်ပံ့များပေးခဲ့သည်။ ရသာဝသီကုမ္ပဏီ လီမိတက်၊ ရွှေတောင်ကိုးလုံး ကုမ္ပဏီ လီမိတက်၊ တော်ဝင်ကမ္ဘေါဇ တောင်တန်း ကုမ္ပဏီ လီမိတက် နှင့် ပါဝါမောရှမ်း ကုမ္ပဏီ လီမိတက် တို့သည် မြန်မာလက်ဖက်များကို ကိုရီးယားနိုင်ငံ လက်ဖက်ပွဲတော်၌ ခင်းကျင်းပြသခဲ့ကြသည်။

Guang Dong-Macau ကုန်အမှတ်တံဆိပ်ကုန်စည်ပြပွဲ


မကာအို-မြန်မာချစ်ကြည်ရေးအသင်း တည်ဆောက်ပြီးနောက် မြန်မာနိုင်ငံ လက်ဖက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းသည် အသင်းအဖွဲ့ဝင်များ ၂၀၁၇ ခုနှစ် ဂျုလိုင်လတွင် ကျင်းပပြုလုပ်သော Guang Dong-Macau ကုန်စည်ပြပွဲသို့ တက်ရောက်နိုင်ရန် ဦးဆောင်ပေးခဲ့သည်။ မြန်မာလက်ဖက်လုပ်ငန်းလေးခုသည် မကာအို ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာလက်ဖက်ကုန်စည်များကို ပြသခဲ့ကြသည်။